ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Monday 19 September 2011

Firefox မှာ Youtube က သီချင်းတွေကို Lyrics နဲ့ကြည့်ရအောင်..


Click ! Image to zoom!


အပေါ်က ပုံကိုကြည့်ကြည့်ပါ .. ဘာထူးခြားလဲဆိုတော့ သီချင်းရဲ့ဘေးဘက်မှာ Lyric ကလေးနဲ့ပါ .. သီချင်းဝါသနာပါတဲ့သူတွေ အတွက်တော့ သီချင်းစာသားကလေးတွေ လိုက်ကြည့်ပြီးတော့ ဆိုလို့ရတာပေါ့ .. ပုံမှ ဆိုရင် You tube မှာသီချင်းတွေ ကြည့်တဲ့အခါမှာ သီချင်းစာသားတွေကို မမြင်ရပါဘူး.. Lyric ကလေးပါ မြင်ရတော့ ကိုယ်ကြိုက်တဲ့ သီချင်းကလေးတွေ တွေ့ရင် စာသားကလေးတွေကို ကူးထားလို့ပါရပါတယ် .. ( မှတ်ချက် ။ ။ မြန်မာသီချင်းတော့ မပါဘူးနော်.. :) ) အင်္ဂလိပ်သီချင်း ဆိုရင်တော့ သူ့ရဲ့ ခေါင်းစဉ်နာမည်ကို သိတာနဲ့ ရနိုင်ပါတယ် ... ဘယ်လို ရှာမလဲဆိုရင် . ကိုယ်ကြိုက်တဲ့ သီချင်း နာမည် ကို Youtube မှာဖွင့်လိုက်ပါ ။ ပြီးရင် အဲဒီ့ဘေးဘက်မှာ Lyric site ကလေးတွေ ရှိပါတယ်.. တစ်ခုနဲ့ မပေါ်ဘူးဆိုရင် နောက်ထပ် site တစ်ခု ကို Down arrow ကလေးကနေပြီးတော့ ရွေးပြီးတော့ ရှာပေးလိုက်ပါ.. အဆင်ပြေမယ် ထင်ပါတယ်.. ဘယ်လို လုပ်ရမယ်ဆိုတော့ .. ပထမဆုံး Greasemonkey ဆိုတဲ့ Javascript တွေကို ချိတ်ပေးတဲ့ Add-on ကလေးကိုသုံးရပါ့မယ်.. အဲဒီ့ Add-on ကလေးကို ဒီအောက်က နေရာကလေးကိုနှိပ်ပြီးတော့ Install လုပ်လို့ရပါမယ် ....



အဲဒါကလေးကိုနှိပ်လိုက်ရင် Box ကလေးတစ်ခုပေါ်လာပြီးတော့ Install လုပ်ခိုင်းပါ့မယ်.. Install လုပ်ပေးပြီးရင်တော့ Firefox ကို Restart ပေးလိုက်ပါ ...ပေးပြီးရင်တော့ အောက်က Javascript ကို ထည့်ရပါမယ်.. Install javascript ဆိုတာကလေးကို နှိပ်လိုက်ပါ..



နှိပ်လိုက်ရင်တော့ စောကလိုပဲ Install ဆိုတာကလေးပေါ်လာပါ့မယ် .. အဲဒါလုပ်ပြီးသွားရင်တော့ Youtube မှာ သီချင်းစာသားကလေးတွေ ကြည့်လို့ရပါပြီ...

အဲဒီ့ အပေါ်က နှစ်ခုရဲ့ မူရင်း Link တွေကတော့ ဒီအောက်မှာပါ.. တကယ်လို့အပေါ်က Link တွေကများ အမှားအယွင်းဖြစ်နေရင် ဒီလင့်ကလေးတွေနဲ့လုပ်လို့ရပါမယ် ...အဆင်ပြေပါစေခင်ဗျာ...

Greasemonkey Add-on => https://addons.mozilla.org/en-US/firefox/search?q=monkey&cat=all&advancedsearch=1&as=1&appid=1&lver=3.6&atype=0&pp=20&pid=5&sort=&lup=

Java Script => http://userscripts.org/scripts/source/22569.user.js
@ကိုလုလင်

0 comments em “Firefox မှာ Youtube က သီချင်းတွေကို Lyrics နဲ့ကြည့်ရအောင်..”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger