ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday 24 September 2011

တစ်ကိုယ်တော်ရင့်မှဲ့ခြင်း

ကိုယ်ကိုတိုင် ပဲ့ကိုင်ပြီး
လွန်းတင်ခဲ့တဲ့  ဘ၀က
အစိမ်းလိုက် ငါ့ကိုပြန် ၀ါးမျို
ဒီ ခန္ဓာကြီးက တောင့်တောင့်ကြီးရပ်လို့
ကိုယ်ကိုကိုယ် ထမ်းတင်__
လေတွေတိုက်တိုင်းလဲ
ခံနိုင်ရည်ရှိခဲ့ပြီ။
နွားခြေရာခွက်ထဲ
ငါ့မှာ…
သမင်ယောင်ဆောင်လိုက်. ကျားယောင်ဆောင်လိုက်
ဥတုသုံးပါးမရွေး  အရောင်တွေလဲ
ပြောင်းတတ်ခဲ့…
ဟောဒီ ပါးတွေကလည်း
ပြုံးပြုံး ပြရတာ
အဖတ်လိုက် အဖတ်လိုက်
ပြက္ကဒိန်တွေကလည်း ဟုန်းဟုန်းထလို့
အရွက်လိုက် အရွက်လိုက် ဆုတ်ခဲ့။
ရုပ်ဝတ္ထုတွေကို ချုပ်ကိုင်ဖို့ကြိုးစားရင်း
ရုပ်ဝတ္ထုတွေကပဲ ပြန်ပြီးချုပ်ကိုင်
အနုပညာလဲမမြောက်သလို ကဗျာလဲမဆန်ခဲ့…..
အရင်လို ……
ကမူးရှုးထိုး မထတော့သလို
အလျှင်စလိုလဲမနိုင်တော့…
ဘ၀ရဲ့တစ်ခုတည်းသော အိမ်မက်ဆီကိုသာ
ဖုန်တထောင်းထောင်းထ .
ကဆုန်ဆိုင်းခဲ့..
ခုထိတော့ ငါ့ခွာသံတွေလဲ အဟုန်ပြင်းဆဲ..။
မိုးမသောက်မှီတော့ ည ကအရင် နက်တယ်.
ခံစားမှုအိုအို တွေနဲ့ ကောင်းကင်ကို
ဆွဲဖြဲလို့ခြုံ..ရင်ဘက်ထဲက
အလွမ်းအပိုတွေကိုလဲ လုံအောင် ဖုံးရပြန်
ဟူးးးးး……
တစ်ခါတစ်ခါ တစ်ကိုယ်စာအမိုးအောက်
မောဟိုက်နေတဲ့ ထွက်သတ်နဲ့
ပြင်းပြနေတဲ့ ၀င်သတ်ကို
ရင်ဘက်မှာကပ်
ခန္ဓာကိုယ်ကလည်း တခါတရံတော့
…..တိတ်ဆိတ်…..

0 comments em “တစ်ကိုယ်တော်ရင့်မှဲ့ခြင်း”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger