ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Tuesday 15 November 2011

(***......ရှူး......***)

ရှူး .....တိုးတိုး
အရက်ခွက်ထဲက ငါဒေါသတွေ
မှေးစက်နေလို့ပါ
ရှူး ....တိုးတိုး
ဆေးလိပ်ခိုးတွေနဲ့ပျံလွင့်နေတဲ့
ငါစိတ်တွေ လုံးဝကောင်းနေလို့ပါ
ရှူး ...တိုးတိုး
လွင့်ကျပျက်စီးသွားတဲ့
ငါ့နှလုံးသား အဲဒီတိုင်းလေး
နေပါဇေ...
ရှူး....တိုးတိုး
ငါ့ကိုယ်ပေါ်က အသက်ဖြေးဖြေးလေး
ထွက်သွားပါဇေ.....

(နတ်ဆိုးလေး)

Sunday 13 November 2011

အချစ်သိပါဇေ

စိတ္တဇလို့ မဆိုသာပေမဲ့
ဖြေမသာတဲ့ဒီအလွမ်းတွေနဲ့
ငါရင်ဘတ်ကို အကြိမ်ကြိမ်
နာကျင်စေခဲ့တာ
ငါအမှားတစ်ခုတည်းပဲလား
မပြောရက်မဆိုရက်
အချစ်တစ်ခုတည်းနဲ့
တည်ဆောက်ထားတဲ့
ဒီရင်ဘတ်က နင်အတွက်
အကြိမ်ကြိမ် အခါခါ
ချနင်းဖို့ အတွက်တဲ့လား
အခုတော့ တစ်ဘ၀လုံးစာ
*နင်ငါကိုမေ့လိုက်ပါတဲ့*
ပြောရက် လုပ်ရက်တရ်လို့
ငါမပြောရက်ပေမဲ့
နင်ငါကို မချစ်ခဲ့တာ အသေအချာပေမဲ့
ငါချစ်ခဲ့တာ အမှန်တဂယ်မို့
အပြစ်မတင်ရက်တာ
ငါဘက်က နောက်ဆုံးချစ်သက်
လက်ဆောင်တစ်ခုပါ
(နတ်ဆိုးလေး)

Saturday 8 October 2011

သေချာမှုတဲ့လား

လွမ်းသတဲ့လား
ငါမဟုတ်လောက်ပါဘူး
ချစ်တာတဲ့လား
ငါမသိပါဘူး
ခင်မင်မှုတဲ့လား
ငါမပြောပြတတ်ဘူး
သံယောဇဉ်တဲ့လား
ငါမရေရာပါဘူး
သေချာတာတစ်ခုကတော့
ငါပိုင်ဆိုင်ထားတာတွေတစ်ခုက
မဟုတ်တာ၊မသိတာ၊မပြောပြတတ်တာ၊
မရေရာမှုတွေအပြည့်နဲ့ပါပဲ
တော်သေးတာပေါ့
သေချာမှုဆိုတဲ့စာသားလေးပါသွားလို့
(နတ်ဆိုးလေး)

Friday 7 October 2011

G mail တွင် ပို့ပြီးသား မေးလ်များကို ပြန်ဖျက်နိုင်ပြီ

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။

ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။

Gtalk ထဲမှာ တစ်ဖက်လူရဲ့ နိုင်ငံအမှန်ကို ရှာရအောင်

G talk မှာ မိမိထံ မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ....။ ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ....။ ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ...။ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ .....။ show original ကိုဆက်လက် click ပါ ။ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ...။ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ ....။ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ...။
 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger