ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday 17 September 2011

ကို့စီလာတဲ့မေး တွေ ကို မမြင်ချင်ရင်....


မိမိ Gmail Inbox ထဲမှာ ရှိတဲ့ သူ့ဆီက မေးလ်တစ်စောင်ကို check လုပ်ပြီး More Actions ထဲက Filter massages like these ဆိုတာကို နှိပ်လိုက်ပါ။
Image Hosting by Picoodle.com
ထပ်ပေါ်လာတဲ့ မြင်ကွင်းရဲ့ From ဆိုတဲ့အကွက်မှာ မိမိရွေးချယ်လိုက်တဲ့ အီးမေးလ် ပိုင်ရှင်ရဲ့ လိပ်စာ ၀င်နေပါလိမ့်မယ်။ ဘာမှ ထပ်မဖြည့်ပဲ Next Step > ကို နှိပ်နိုင်ပါတယ်။ (ဖြည့်ပေးရင်လည်း ရပါတယ်)
Image Hosting by Picoodle.com
နောက်တစ်ဆင့်ပေါ်လာမှာကတော့ ဘာလုပ်မှာလဲဆိုတဲ့ Options တွေပဲ ဖြစ်ပါတယ်။ ကျနော်က သူ့ဆီက အီးမေးလ်တွေကို ထပ်မမြင်ချင်တော့တာဗျ။ အဲဒီအတွက် အခုလို ရွေးချယ်လိုက်ပါတယ်။ Delete it ပေါ့ဗျာ။ Create Filter ကို နှိပ်လိုက်ပါတယ်။ သူ့ဘေးက ဟာလေးကတော့ လက်ရှိ ရွေးချယ်ထားတဲ့ မေးလ်ကိုပါ ပါဝင်စေဖို့ဖြစ်ပါတယ်။
Image Hosting by Picoodle.com
ထပ်မြင်ရမှာတော့ Setting ထဲက Filter ဆီကို ရောက်သွားပါလိမ့်မယ်။ လုပ်ပြီးသား Filter တွေရဲ့ Options ကို ပြင်ဆင်ဖို့ Edit ကိုနှိပ်နိုင်သလို၊ ဒီ Filter ကို ဖြတ်ပစ်ဖို့ Delete ကိုနှိပ်နိုင်ပါတယ်။
Image Hosting by Picoodle.com
မိမိ အပေါ်ကအတိုင်း ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ မေးလ်ပိုင်ရှင်က ဘယ်လောက်ပဲ မေးတွေ ထပ်ပို့ပို့ Trash (အမှိုက်ပုံး) ထဲအလိုလိုရောက်နေတာ တွေ့ရပါလိမ့်မယ်။
Image Hosting by Picoodle.com

တကယ်လို့ မိမိက ဖြတ်ချင်တာမဟုတ်ပဲ အပေါ်ဆုံးက ပြောချင်သလို Label တစ်ခု လုပ်ထားပြီး သတ်သတ်မှတ်မှတ် လုပ်ထားချင်တယ်ဆိုပါစို့။ ခုနက အဆင့်တွေအတိုင်းပဲ လုပ်ဆောင်ရမှာပါ။ ကွာသွားမှာကတော့ Filter ရဲ့ Options တွေ ရွေးချယ်တဲ့ နေရမှာပဲ ကွာမှာပါ။ ခုနက Delete it ကို check လုပ်ပေးလိုက်တဲ့ နေရာမှာ apply the label ဆိုပြီး label တစ်ခုကို ရွေးချယ်ပေးလိုက်ပါ။ (label တစ်ခုမှ မရှိတဲ့လူကတော့ အဲဒီနေရာမှာပဲ New label ဆိုတာကို နှိပ်ပြီး နာမည်ပေးလိုက်ရုံပါပဲ)
Image Hosting by Picoodle.com
အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပဲဆက်သွားပေါ့ဗျာ ။ အခု Filter အတွက် လုပ်ပြီးတာနဲ့ Gmail ထဲမှာ Label ဆိုတာကို ရှာပါ။ မိမိပေးထားတဲ့ Label နာမည်ကို နှိပ်လိုက်ပါ။ အဲဒီမေးလ်ပိုင်ရှင်ရဲ့ အီးမေးလ်တွေ (ယခုရွေးချယ်လိုက်တဲ့ မေးလ်နဲ့ ထပ်ရောက်လာမယ့် မေးလ်တွေ) ကို ပြသပေးပါလိမ့်မယ်။
Image Hosting by Picoodle.com
Gmail မှာပါတဲ့ Filter ကို သုံးပြီး မလိုချင်တာကိုဖြတ်၊ လိုချင်တာကို သက်သက် ရွေးထုတ်ပေးနိုင်အောင် တင်ပြတာ ဖြစ်ပါတယ်။ ကျနော့် အရေးအသား ညံ့ဖျင်းမှုကြောင့် နားမလည် ခဲ့ဘူးဆိုရင် ခွင့်လွတ်ပေးပါ။ ကိုယ်တိုင်လည်း မိမိရဲ့ account နဲ့ စမ်းသပ်ကြည့်လိုက်ပါ။ အသုံးဝင်ပါစေ ……
@သံလုံးငယ်

0 comments em “ကို့စီလာတဲ့မေး တွေ ကို မမြင်ချင်ရင်....”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger