ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday 17 September 2011

ကွန်ပြူတာ တစ်လုံး လုံး အတွက်လုံခြုံရေး

Image Hosting by Picoodle.com
ဒီဆော့ဝဲကို ကျနော် ပေးဖို့ စီစဉ်နေတာကြာပြီ။ စာရေးဖို့ အချိန်မရဘူးဖြစ်နေလို့။ ဒီတိုင်း တင်ပေးလိုက်ရင်လည်း သူ့ရဲ့အသုံးဝင်ပုံကို အသုံးမချတတ်မှာစိုးတယ်။ (ကျနော်ရေးသမျှစာတွေက ကွန်ပျူတာကို စတင်လေ့လာသူတွေအတွက် အဓိက ရည်ရွယ်တာ ဖြစ်လို့ ကျွမ်းကျင်ပြီးသားသူများကို ဒီနေရကပဲ တောင်းပန်ထားပါတယ်။ စကားအဓိပ္ပါယ်က စာဖတ်သူကို စော်ကားရာ ကျသွားမှာစိုးလို့ပါ)
သူကဗျာ … ကွန်ပျူတာ တစ်ခုလုံးက Application တွေအားလုံး၊ file, folder နဲ့ Drive တွေ အားလုံးကို ပိတ်ထားလို့ရတယ်။ သူကတော့ မိမိကွန်ပျူတာကို စစ်တပ်ခေါ်ပြီး အစောင့်ချထားသလို ညွှန်းထားတာပဲဗျ ….
Image Hosting by Picoodle.com
လက်ရှိသုံးနေတဲ့ မိမိရဲ့ drives တွေ အပြင် နောက် USB ထပ်ထိုးလို့ ပေါ်လာမယ့် Drive တွေ ကိုပါ ကြိုတင်ပိတ်ထားလို့ရတယ်။ Add/Remove programs တွေ၊ Services တွေ၊ စတဲ့ ၀င်းဒိုးရဲ့ Administrator အပိုင်းအားလုံးသာမက Desktop right-click menu နဲ့ Task bar Right-click menu တွေထိ ဖွင့်မရအောင် ပိတ်ထားပေးနိုင်တယ်။ နောက်ပြီး file type အားလုံးနဲ့ Folder တွေကို ဖွင့်မရအောင်လည်း ပိတ်ထားလို့ရတယ်။ နောက်ထပ် Software မျိုးစုံ Install ထပ်လုပ်မှာကိုလဲ ပိတ်ထားလို့ရတယ်။ ကွန်ပျူတာ တစ်ခုလုံးရှိသမျှ အကုန်ပဲဗျာ ……… အားလုံးကို မိမိ ပိတ်ထားစေချင်တာတွေကို တစ်ခုချင်းရွေးပြီး ပိတ်ထားလို့ရတယ်။
ဒါများ ဘာလုပ်မှာလဲ ပိုတောင် အလုပ်ရှုပ်သေးတယ်လို့ ပြောမယ်ထင်တယ်။ ကျနော့်ကို လာလာပြောကြတယ်။ သူငယ်ချင်းတွေနဲ့ ကွန်ပျူတာ စုသုံးရတာပါတဲ့။ လက်အရမ်းများတယ်၊ ဘယ်လိုလုပ်ရမလဲတဲ့။ တခြို့ကျတော့ ခဏဆိုပြီးပေးသုံးလိုက်တယ်။ သူက ငြိမ်ငြိမ်မနေပဲ ရှိသမျှ ဆော့ဝဲလ်တွေ အကုန်လျှောက်ကလိသွားတယ်။ လုပ်ထားသမျှ လစ်ရောတဲ့။ အဲဒါမျိုးပေါ့ဗျာ … မိမိကွန်ပျူတာကို သူများ မကလိ စေချင်တဲ့ လူတွေ များပါတယ်။ အဲဒါများ Limited Account နဲ့ ထားပေးလိုက် ရတာပဲလို့ ပြောကြမယ်ထင်တယ်။ မိမိသုံးနေတုန်း သူငယ်ချင်းက ခဏပေးသုံးဖို့ပြောတယ်။ ဘယ်လိုလဲ သူ့ကို ရှေ့ထားပြီး Limited Account ဆီကို Switch ပေးမှာလား။ ဘယ်ကောင်းမလဲ … လူမှုရေးက ရှိသေးတယ်လေ။ အဲဒါတွေ အားလုံးကို ဒီ Software လေးက ကူညီပေးနိုင်ပါတယ်။
Image Hosting by Picoodle.com

ဒေါင်းလုပ်မပေးခင် ဆက်ပြောလိုက်ဦးမယ်။ ဒီကောင်ကို ကြိုတင် installed ထားပြီးပြီ ဆိုပါစို့။ သူ့ဘာသာ Tray icon လေးနဲ့ ရှိနေပါလိမ့်မယ်။ မိမိက လိုအပ်လို့ တစ်ခုခုကို ဖွင့်ရတော့မယ်၊ ဒါမှမဟုတ် Protection ကို ခဏ ရပ်ထားချင်တယ်ဆိုပါစို့ ။ အဲဒီ tray icon လေးမှာ right-click ထောက်ပြီး Deactivate ပေးလိုက်ရင် မိမိပေးထားခဲ့တဲ့ password တောင်းပါတယ်။ password မှန်မှသာ ပြင်ဆင်ဖို့၊ ကာကွယ်မှု ရပ်နားမှု လုပ်နိုင်မှာလေ။ အဲတော့ မိမိစိတ်မချတဲ့လူကို ဒီကောင့် အကူညီနဲ့ တစ်နေကုန် စိတ်ချထားလိုက်လို့ရပါပြီ။

ဒီလောက်တင်မဟုတ်သေးဘူးနော် … ကျနော်ရေးထားတာ မပြည့်စုံသေးပါဘူး။ လက်ရှိကျနော့် အနေအထားရယ်၊ သူငယ်ချင်းတွေ တောင်းဆိုမှုရယ်ကိုပဲ ဦးတည်ပြီးရေးလိုက်တာပါ။ သူက Recovery ပြန်ယူဖို့၊ မိမိရဲ့ Network group ထဲက ကွန်ပျူတာတွေကို ကာကွယ်ပိတ်ပင်ထားဖို့ထိကို အများကြီး ပါပါသေးတယ်။ မထင်ရက်စရာက File size ပဲ … rar နဲ့ ချုံ့အပြီးမှာ 4 Mb ပဲ ရှိပါတယ်။ ကျနော်ပြောတာ မှန်မမှန် စမ်းကြည့်လိုက်ပါဦး ..
www.netsupportprotect.com မူရင်းလင့် ဖြစ်ပါတယ်။ လေ့လာကြည့်လိုက်ပါဦး
ဒီမှာ ဆော့ဝဲလ် အသုံးပြုနည်း စာအုပ်လေးပါ …
Image Hosting by Picoodle.com
Download Mirror 1 : Mediafire (Netsupport Protect 1.5.1)

Download Mirror 2 : Zshare (Netsupport Protect 1.5.1)

Full Version ဖြစ်အောင် ကီးထည့်ဖို့က စတင်လေ့လာသူတွေ အတွက် နည်းနည်းလေး အခက်ခဲရှိမယ်ထင်လို့ ရေးပေးလိုက်ပါတယ်။
Install လုပ်လို့ အပြီးမှာ ပွင့်လာတဲ့ သူ့ရဲ့ windows က license ဆိုတာလေး နှိပ်ပါတယ်။
Image Hosting by Picoodle.com
ထပ်ပေါ်လာတဲ့ နေရာက License Name ဆိုတာကို copy ကူးပါတယ်။ ပြီးရင် ကျနော်ထည့်ပေးလိုက်တဲ့ Keygen ကို ဖွင့်ပါတယ်။ ကျနော်ပုံမှာပြထားတဲ့အတိုင်း keygen ရဲ့ license ဆိုတဲ့နေရာမှာ copy ကူးထားတာကိုထည့်ပြီး Max Client နေရာမှာ 1 ကိုထည့်ပြီး Generate ကို နှိပ်ပေးလိုက်ပါ။
Image Hosting by Picoodle.com
Serial နဲ့ Auth Code ပေါ်လာပါလိမ့်မယ်။
Image Hosting by Picoodle.com
အဲဒါကို Software မှာ ထည့်ပေးလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
License ကို မနှိပ်ခင် သူ့ရဲ့ ဘေးက နေရာမှာ Password အတွက်ထားထားတာတွေ့လိမ့်မယ်။ မိမိ ထားချင်တဲ့ password ထည့်ပြီး set ကို နှိပ်ပေးလိုက်ရုံပါပဲ။ အသုံးပြုနည်းကိုတော့ ကျနော် ပြောထားတာတွေနဲ့တင် သဘောပေါက်လောက်ပါပြီ။ E-Books မှာလည်း ပုံနဲ့တကွ အသေးစိတ်ရေးထားပါတယ်။ နည်းနည်းလောက်ပြောပါဆိုရင်တော့ မိမိကာကွယ်ထားချင်တဲ့ app. နာမည်ရဲ့ ဘေးနားလေးမှာ အလုံးလေး တွေ့ပါလိမ့်မယ်။ ပိတ်ထားရင် အနီ ၊ ဖွင့်ထားရင် အစိမ်းပေါ့ ။ အဲဒီအလုံးလေးကို နှိပ်ပြီး အပိတ်၊ ဖွင့်ကို လုပ်နိုင်ပါတယ်။ အပိတ်ဖွင့်တွေ ပြင်ဆင်ပြီးပြီ ဆိုရင် ညာဘက်အောက်ဒေါင့်က အပြာရောင် Refresh ခလုပ်လေးကို နှိပ်ပေးလိုက်ပါ။ ပြင်ထားတာတွေကို Save ပေးပြီး ကာကွယ်မှုစတင်ပေးပါလိမ့်မယ်။
@သံလုံးငယ်

0 comments em “ကွန်ပြူတာ တစ်လုံး လုံး အတွက်လုံခြုံရေး”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger