ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday 24 September 2011

နောက်ကျသူ (တာရာမင်းဝေ)

စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်တော့
ဒီဇင်ဘာကို ငါတွေ့တယ် …။
နှင်းတွေ . . . နှင်းတွေ
မြေပြင်ပေါ် အလုအယက်ခုန်ဆင်းနေလိုက်ကြတာ
ကြောက်မက်ဖွယ် တစ်စုံတစ်ခုကနေ
ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေကြသလိုမျိုး။
ပျံလွှားငှက်တွေလည်း
အုပ်စုဖွဲ့ ပျံသန်းလာကြလေရဲ့ …။
ညည်းတွားသံသဲ့သဲ့
လေနှင့်အတူ မျောလွင့်လာတယ် ..
ကံကောင်းခွင့်မရရှာတဲ့
အဆိပ်သင့် မက်မုန်ပွင့်များအတွက်တော့
ဒီဆောင်းဟာ ..ခါးသက်နေရော့မယ် …။
ပြိုးပြိုးပျက်ပျက် ..
ဆေးစက်ရောင်စုံချယ်သ
ပျော်စရာ ..ပွဲတော်ညများ
ဝတ်ရုံလွှာ ပါးပါး .. ဆံမျှင်စ ဖါးလျား
အနမ်းတို့ လန်းစွင့်ဝင့်ြွကား ..
အားလုံးလည်း မူးယစ်ရီဝေ ..
ခြေထောက်တွေ … ပျံသန်းနေလိမ့်မယ် …။
တစ်ချိန်က
အောင်မြင်ကျော်ကြားခဲ့တဲ့ ကောင်းကင်ကြီးတောင်မှ
မှုန်လို့မှိုင်းလို့ … ဒီဇင်ဘာဟန်ဆောင်လို့…။
ချစ်သူများရဲ့ ချိန်းဆိုထားတဲ့နာရီ
စေ့ရောက်ခဲ့ပြန်ပြီ …။
ဆွတ်ပျံ့ဖွယ်ဂီတနဲ့
အေးစက်စက် ခရစ္စမတ်ည
လရောင်တစ်စွန်းတစ်စကျနေတဲ့
ဝက်သစ်ချပင်အိုကြီးရဲ့အောက်
ချစ်တဲ့သူရေ
ဒီနှစ်လည်း ..တစ်ယောက်တည်း
စောင့်မျှော်လွမ်းရစ်ပေဦးတော့ …။
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး
ဒီဇင်ဘာကို ငါမေ့မယ် …..။

0 comments em “နောက်ကျသူ (တာရာမင်းဝေ)”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger