ကျွန်တော့ရဲ့ဘလော့လေးထဲသို့လာရောက်ဖက်ရှုကြသောသူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါသည်။

Saturday, 24 September 2011

နှစ်ချို့ကော်ဖီ(တာရာမင်းဝေ)

နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။
အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..
ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်
အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
မင်း… ချမ်းမြေ့ပါစေ ..။ ။

0 comments em “နှစ်ချို့ကော်ဖီ(တာရာမင်းဝေ)”

Post a Comment

 

ဝိညာဉ်ငယ် Copyright © 2011 -- Template created by O Pregador -- Powered by Blogger